<3 ဘဝကို ပေးအပ်ခဲ့သူတွေ <3
ငယ်ငယ်ကပေါ့။
👴 ဒီအမျိုးသားကြီးကို ခဏခဏစိတ်ပျက်မိပါတယ်။
တစ်အိမ်လုံးကသူ့ကိုကြောက်ရပြီး
မပြုံးမရယ်ခပ်တည်တည်နေတတ်တာကိုမကြိုက်မိတာပါ။
ဒါပေမယ့် 👇
👉 မျက်နှာချိုချိုလေးနဲ့တသက်တာမမေ့နိုင်မယ့်
ဒုက္ခမျိုးစုံပေးတတ်တဲ့အမျိုးသားတွေနဲ့တွေ့ပြီးတဲ့အခါ
ဘဝမှာ ကိုယ့်အပေါ်အကောင်းဆုံးအမျိုးသားကြီးဟာ
တစ်ယောက်တည်းပဲရှိတယ်ဆိုတာသဘောပေါက်ခဲ့ရပါတယ်။
ငယ်ငယ်ကပေါ့။
တစ်ချိန်လုံးဇယ်ဆက်သလိုအလုပ်တွေများနေတတ်ပြီး
သူများမေမေတွေလိုလှပနုဖတ်မနေတဲ့ 👵 ဒီအမျိုးသမီးကြီးကို
ခဏခဏစိတ်ပျက်နေမိပါတယ်။
ကိုယ့်အပေါ်တချိန်လုံးနှိမ်တဲ့စကားလုံးတွေပဲ
ရွေးပြီးပြောတတ်တဲ့သူလို့ မှတ်ထင်ထားမိပါသေးတယ်။
ဒါပေမယ့် 👇
👉 ဘဝလမ်းပေါ်မှာ သူပြောတဲ့စကားလုံးတွေထက်
အဆတစ်ရာလောက်နာကျင်စေတဲ့စကားလုံးတွေကို
ပြောဆိုတတ်တဲ့အမျိုးသမီးတွေနဲ့ရင်ဆိုင်လာရတဲ့အခါမှာ
ဒီအမျိုးသမီးကြီးဟာကိုယ့်ဘဝအတွက်
အကောင်းဆုံးလမ်းပြပေးသူပါလားလို့
သိလာခဲ့ရပါတယ်။
ဒီအမျိုးသားကြီးကတော့ ကျွန်မရဲ့ကျေးဇူးရှင် ဖေဖေ ဖြစ်ပြီး
အမျိုးသမီးကြီးကတော့ကျေးဇူးရှင် မေမေ ရယ်ပါ။
ဖေဖေနဲ့မေမေကို အရမ်းချစ်တယ်.😘😘😘😘
နှစ်ယောက်စလုံးရဲ့တုနှိုင်းမရမေတ္တာနဲ့အချစ်တွေကို
သတိရရင်း သားသမီးတိုင်း မိဘကျေးဇူးကို
တစ်နေ့တစ်ချိန်မှာတော့ခံစားနားလည်နိုင်ကြမှာ။
credit : Kyi Kyi - ကြည်ကြည်
ကဗျာမိုးတိမ်(ရွှေကျင်)
No comments:
Post a Comment